လပွတ္တာ မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် (၃)မိုင်မြို့ (၁)ရပ်ကွက် စိန်ပန်းပြာလမ်းရှိ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၃)၊ လျှပ်စစ်သင်တန်းအမှတ်စဉ်(၂၀)၊ ဂဟေသင်တန်းအမှတ်စဉ်(၂၀)၊ မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ်(၁၅)နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းအမှတ်စဉ်(၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲက ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုံးမြင့်က သင်တန်းဆင်းပွဲ မိန့်ခွန်းပြောကြားခြင်း၊ သင်တန်းတွင် ထူးချွန်ဆုရရှိသောသင်တန်းသားများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးကပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းနှင့် သင်တန်းဆင်းသင်တန်းသားများ၏ လက်ယာများအားကြည့်ရှုအားပေးခဲ့ကြောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းတွင် သင်တန်းဆင်းသင်တန်းသား(၃၅)ဦးရှိကြောင်း သိရသည်။
ဟိန်းထက်လင်း