နေပြည်တော် မတ် ၂၇
(၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြိုင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ဦးစွာ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က တပ်မတော်နေ့နှင့်ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေးရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလေးများက တပ်မတော်နေ့အထိမ်းအမှတ် ပုံပြင်ပြော၊ ကဗျာရွတ်၊ စာလုံးပေါင်းသတ်ပုံအမှန်နှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲများအား အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြကာ ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အခမ်းအနားအပြီးတွင် တက်ရောက်လာသည့်ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားည့် စာအုပ်၊ စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစား ကြည့်ရှုလေ့လာခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)