လွိုင်ကော်မြို့၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

လွိုင်ကော် မတ် ၂၇

လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့၌ ၂၀၂၆ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ကျရောက်သည့် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် နွေရာသီသင်တန်းများ ဖွင့်လှစ်လျက်ရှိသည့် အခြေခံကျောင်းများနှင့် အားကစားသင်တန်းကျောင်းများ၌ အခမဲ့ဖြန့်ဝေသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ အခမဲ့ဖတ်ရှုလေ့လာနိုင်ရန် စီစဉ်ထုတ်ဝေပေးသော (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် ၂၇-၃-၂၀၂၅ ရက်နေ့ နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်  ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်၊ (၈၁)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံ၊ တပ်မတော်၏စွမ်းရည်သုံးရပ်၊ ဂုဏ်ပြုဆောင်းပါးအနှစ်ချုပ်၊ ဇော်မင်းမင်းဦး ရေးသားထားသည့် “အားသစ်စေကြောင်း ပြည့်သားကောင်း” ကဗျာ၊ ကာတွန်းစသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။

နုယဉ်မိုး(ပြန်/ဆက်)