ရပ်စောက်မြို့နယ်၌ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း၏ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲအခမ်းအနားနှင့် ပဒေသာကပွဲကျင်းပ

ရပ်စောက် မတ် ၂၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း၏ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားနှင့် ပဒေသာကပွဲအခမ်းအနားကို မတ် ၂၆ ရက်နေ့ နံနက်ပိုင်းက ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်များက အဖွင့်သီချင်းသီဆိုခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နန်းအေးအေးခမ်းနှင့် မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြွယ်ကြွယ်သိန်းတို့က နှုတ်ခွန်းဆက်အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။ ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက မူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများ၊ ကျောင်းသားမိဘများကို ကျောင်းဆင်းလက်မှတ်များနှင့် အလှူရှင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာမများက ပဒေသာအကများဖြင့်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)