‎မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် တာဝန်ရှိသူများ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီ ရောင်းချမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေး

မဟာအောင်မြေ  မတ်  ၂၈

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော် မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီရောင်းချမှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်က မဟာအောင်မြေ မြို့နယ်အတွင်းရှိ MEC ဆီဆိုင်၊ BOC ဆီဆိုင်၊ DENKOဆီဆိုင်၊ ၃၆၀ ဆီဆိုင်၊ DENKO ဆီဆိုင်များအား  စက်သုံးဆီများရောင်းချရာတွင် ပြည်သူများဆီအလုံအလောက်ရရှိစေရေးနှင့် ရက်ကြာကြာ အသုံးပြုနိုင်စေရေး၊ စက်သုံးဆီ ပုံမှန်ရောင်းချပေးနိုင်ရေး၊ စက်သုံးအရောင်းဆိုင်များတွင် ဆီလာထည့်သည့် မော်တော်ယာဥ်များကို စက်သုံးဆီခြွေတာရေးနှင့် မလိုအပ်ဘဲဆီများ သိုလှောင်ခြင်း မပြုလုပ်ရန် မှာကြားပြီး စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ရောင်းချခြင်းမရှိပါက သက်ဆိုင်ရာ ဖုန်းနံပါတ်များတို့ တိုင်းကြားနိုင်ပြီး အဆိုပါဆိုင်များကို ဥပဒေနှင့်အညီ ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း ဆိုင်မန်နေဂျာနှင့် အရောင်းဝန်ထမ်းများအား ရှင်းလင်းပြောကြားပြီး စက်သုံးဆီများ ပှံမှန်ရောင်းချပေးနိုင်ရေးအသေးစိတ်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း