မန္တလေး မတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင်ရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ချမ်းမြသာစည်မြို့နယ်ရှိ ပြည်သူ့စာကြည့်တိုက်များအတွက် စာရေးဆရာ ဦးမြင့်မောင်မောင်က စာအုပ်အမျိုးအစားပေါင်း ၅၃ မျိုးအား ယမန်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ လာရောက်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ စာအုပ်လှူဒါန်းပွဲတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက စာအုပ်များ လာရောက်လှူဒါန်း ပေးသည့်အတွက် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး စာရေးဆရာ ဦးမြင့်မောင်မောင်က စာအုပ်၊ စာစောင်များ လာရောက်လှူဒါန်းရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းစာအုပ်များကို စာရေးဆရာ ဦးမြင့် မောင်မောင်က သုတ၊ ရသ စာအုပ်ရေပေါင်း ၅၃ အုပ်နှင့် မွေးနေ့အမှတ် တရအဖြစ် ရုံးဝန်ထမ်းများအတွက် အလှူငွေ တစ်သိန်းငါးသောင်း၊ ရုံးသုံးပစ္စည်း တို့အား ပေးအပ်လှူဒါန်းခဲ့ရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် ဦးစီးအရာရှိ ဒေါ်ခင်စောလွင်တို့က လက်ခံရယူခဲ့ရာ စာအုပ်တန်ဖိုးနှင့် အလှူငွေ စုစုပေါင်း (၂၉၀၈၀၀) ကျပ်ရှိကြောင်း သိရသည်။
ဇင်မင်းမောင် (ပြန်/ဆက်)