တနိုင်း မတ် ၂၈
တနိုင်းမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂၇ ရက်နေ့ ညနေ ၄ နာရီတွင် ကင်ဆားရာရပ်ကွက်ရှိ မြို့နယ်အား ကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ရှေ့ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမှအဖွင့်အမှာစကား ပြောကြားပြီး နွေရာသီအခြေခံအားကစားသင်တန်းတွင် အားကစားပစ္စည်းများလှူဒါန်းပေးသည့် ဦးခင်မောင်ဝင်းအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
ဆက်လက်၍ နွေရာသီအခြေခံအားကစားသင်တန်းတွင် နည်းပြအဖြစ် ကူညီဆောင်ရွက်ပေးသည့်သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ထောက်ပံ့ ကြေးပေးအပ်ပြီး နွေရာသီအခြေခံအားကစားသင်တန်းဘောလုံး၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ စားပွဲတင် တင်းနစ်၊ အေရိုးဗစ်၊ Fitness dances သင်တန်များကို တက်ရောက်ကြသည့် သင်တန်းသူ၊ သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များပေးအပ်သည်။
ယင်းနောက် သင်တန်းသူများမှအေရိုးဗစ်၊Fitness dances အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား၊ သင်တန်းသူများက မှတ်တမ်းဓာတ်ပုံများရိုက်ကူးပြီး အလှူရှင်များက ကြာဇံဟင်းခါး ကျွေးမွေးဧည့်ခံကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)