တပ်ကုန်း မတ် ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မြဝတီရပ်ကွက်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အသက်မွေး ဝမ်းကျောင်းတက္ကသိုလ်များ တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာသင်စရိတ်ငွေချီးမြင့်ခြင်းအခမ်းအနားကို မတ် ၂၈ ရက် နံနက်ပိုင်းက အဆိုပါကျောင်း၊ ပြည်သာနိုင်ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ဦးစွာ တာဝန်ရှိသူများနှင့် အမှတ်(၂)အခြေခံပညာအတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ တက်ရောက်သင်ကြားသည့် ကျောင်းသား၊ ကျောင်း သူများအား ပညာသင်စရိတ် ချီးမြှင့်ငွေ ပေးအပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း ပညာရေးငွေပဒေသာပင် ထိမ်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်နှင့်တာဝန်ရှိသူများက ဆေး၊ ဆေးဘက်ဆိုင်ရာ၊ သွားဘက်ဆိုင်ရာ၊ နည်းပညာ၊ ပညာရေး၊ စီးပွားရေးနှင့်စိုက်ပျိုးရေးတက္ကသိုလ် အသီးသီးတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၃ ဦး၊ နှစ်ဝက်စာအတွက် ၃၉သိန်းပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်