ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၉ ခု၌ ရည်ညွှန်းဈေးတစ်ပိဿာ ၇၇၂၄ ကျပ်ဖြင့် စားအုန်းဆီ ၂၂၂၅၄၂ ပိဿာ ရောင်းချပေး

ကျောက်ဆည် မတ် ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ပြည်သူများ စားအုန်းဆီအခက်အခဲမရှိစေရေး ရပ်ကွက်/ကျေးရွာများအလိုက် အလှည့် ကျစနစ်ဖြင့် ရောင်းချပေးလျက်ရှိရာ ယခုအပတ်စဉ်၌ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၉ ခု၌ ရည်ညွှန်းဈေး တစ်ပိဿာ ၇၇၂၄ ကျပ်ဖြင့် စားအုန်းဆီ ၂၂၂၅၄၂ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာ၌ အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီဝယ်ယူခွင့်စာအုပ်များ ပြုလုပ်ပေးထားပြီး တစ်ကြိမ်ဝယ်ယူပါ ဆီ ၂ ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ပြီး စဉ့်ကိုင်မြို့နယ် ရန်အောင်မြင် ရပ်ကွက်၌ ၄၄၀ ပိဿာ၊ စွန်ရဲတောင်ရွာ၊ ရှမ်းလေးရွာ၊ ကြက်လျှာ တောင်ရွာ၊ မြောက်ရွာ၊ အုန်းပင်ခြံရပ်ကွက်တို့၌ ၆၆၀ ပိဿာ၊ ကျောက်ဆည်မြို့နယ် ချောင်းဆုံကျေးရွာ၌ ၁၁၀ ပိဿာ၊ အေးမြကြည်လင်ရပ်ကွက်၌ ၆၆၀ ပိဿာ၊ တုံလုံ ကျေးရွာ၌ ၁၁၀ ပိဿာ၊ ကြောင်ပန်းကုန်းကျေးရွာ၌ ၁၁၀ ပိဿာ၊ လက်ပန်ကျေးရွာ၌ ၃၄၂ ပိဿာ၊ ဆူလေကုန်း ကျေးရွာ ၌ ၃၃၀ ပိဿာ အသီးသီးရောင်းချပေး ခဲ့ကြောင်း ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။

 သက်မောင်(ကျောက်ဆည်)