ရမည်းသင်း မတ် ၂၉
ရမည်းသင်းမြို့၊ ရွှေစည်းခုံရပ်ကွက်၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်မှုဖြင့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို မတ် ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ အမှတ် ၃ စစ်အခြေခံလေ့ကျင့်ရေးတပ်၊ ခေတ္တတပ်မှုး ဒုဗိုလ်မှုးကြီး ရဲမြတ်သူ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုဗိုလ်မှုးကြီး ဇော်မျိုးထက်၊ ခရိုင်ရဲတပ်ဖွဲ့မှုး ဒုရဲမှုးကြီး မင်းဟန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့် ခရိုင်၊ မြို့နယ့်အဆင့်ဌာနဆိုင်ရာများမှ သွေးလှူဒါန်းသည့် ခရိုင်/ မြို့နယ်ထွေအုပ်ဝန်ထမ်း (၇) ဦး ၊ ခရိုင်/ မြို့နယ်ရဲတပ်ဖွဲ့ဝင် (၆) ဦး၊ အကျဥ်းဦးစီးဌာနဝန်ထမ်း (၅) ဦး၊ ခရိုင်/ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် (၄) ဦး စုစုပေါင်းဝန်ထမ်း ၂၂ ဦးတို့အား သွားရောက်ကြည့်ရှုအားပေးကာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၁၀၀၀၀နှင့် ကြက်ဥ ၁၀ လုံးစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)