ပျော်ဘွယ်မြို့နယ်၌ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှု တစ်နှစ်ပြည့်အထိမ်းအမှတ် ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

ပျော်ဘွယ် မတ် ၂၉

ပျော်ဘွယ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး တစ်နှစ်ပြည့်အထိမ်းအမှတ် ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ခြင်းကို မတ် ၂၈ ရက်နေ့ ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်များသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ရွတ်ဖတ်ပူဇော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

မန္တလေးငလျင်ကြီး တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဂုဏာစာရဦးဆောင်၍ ဆရာတော်၊ သံဃာတော်များ၊ ဝတ်အသင်းအဖွဲ့များက ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့်တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်များအသုံးပြု၍ ပရိတ်ရေပက်ဖျန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး (ပျော်ဘွယ်)