မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့သာ စကိုင်းဗီလာနှင့်အင်ကြင်းကွန်ဒိုမှ အခန်းပိုင်ရှင်များအား နိုင်ငံတာ်မှထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်

မန္တလေး မတ် ၂၉

မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသော အောင်မြေသာစံမြို့နယ်အတွင်းရှိ စကိုင်းဗီလာနှင့်အင်ကြင်းကွန်ဒိုတို့မှ တိုက်ခန်း (၁၉၈)ခန်းအတွက် နိုင်ငံတော်မှ  ထောက်ပံ့ငွေနှင့်အိမ်ဆောက်ပစ္စည်းများ ပေးအပ်ပွဲကို မတ် ၂၆ ရက်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ မုန်တိုင်ဓမ္မာရုံတွင် ကျင်းပသည်။

အခမ်းအနားတွင် စွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက အမှာစကားပြောကြားပြီး နိုင်ငံတာ်၏ကူညီပံ့ပို့‌ပေးသည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။ထို့‌နောက် တာဝန်ရှိသူများက စကိုင်းဗီလာမှ အခန်း ၁၆၂ခန်း၊ အင်ကြင်းကွန်ဒိုမှ အခန်း ၃၆ ခန်းတို့မှ အခန်းပိုင်ရှင်များအား နိုင်ငံတာ်မှ ပေးအပ်သော ငွေကျပ်သိန်း ၂၀၀ ၊ သံ ၄ ဒသမ ၃၈ တန်၊ ဘိလပ်မြေ ၂၅၅ အိတ်၊ သစ်မာနှင့်အခြားသစ်များကို  ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)