တနိုင်း မတ်လ ၂၉
တနိုင်းမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေ (ကျပ် - ၁၆၅၀၀၀) ဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူ၍ဆောင်ရွက်သော တနိုင်းမြို့နယ် ဂျိုဆာဒီးရွာအတွင်းလမ်း လမ်းအရှည် (1.6 km)၊ အကျယ် (5.49m)၊ ထုထည် (200 mm)၊ အမာလမ်းခင်းခြင်းလုပ်ငန်းကို (၂၄.၆.၂၀၂၅) ရက်နေ့မှစတင် ဆောင်ရွက်ပြီး (၂၉.၁၂.၂၀၂၅) ရက်နေ့ကပြီးစီးကြောင်း သိရသည်။
အဆိုပါ အမာလမ်းခင်းခြင်းပြီးစီးမှုကို (၃.၁၂.၂၀၂၅) ရက်နေ့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် လျှပ်စစ်ဦးစီးမှူး ဦးရှဲနိုင်၊ လမ်းဦးစီး အငယ်တန်းအင်ဂျင်နီယာ (၂)၊ ဦးလင်းလင်းထွန်းနှင့် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဦးဇော်မင်းလွင်တို့မှ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)