ရမည်းသင်းမြို့နယ်၌ မန္တလေးငလျင်ကြီး(၁)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ရမည်းသင်း မတ် ၂၉

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ မန္တလေးငလျင်ကြီး(၁)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲ၁၂ နာရီ ၅၁ မိနစ်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသင်းရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားစတင်ပြီးနောက် တက်ရောက်လာသူများက မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ကွယ်လွန်သူများအတွက် မွန်းလွဲ ၁၂နာရီ ၅၁ မိနစ်၀၂စက္ကန့်တွင်  ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့် ခေတ္တငြိမ်သက်သည်။ ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က အမှာစကား​ပြောကြားခဲ့ပြီး မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကြသော ဌာနဆိုင်ရာများနှင့်လူမှုရေးအသင်းအဖွဲ့များအား ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ရာ လူမှုရေးအသင်းအဖွဲ့များကိုယ်စား ကိုယ်စားလှယ်တစ်ဦးမှ  ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက်တက်ရောက်လာသူများက ရမည်းသင်းခရိုင်၊ မြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်အတွင်း ငလျင်ဒဏ်ကြောင့်ပျက်စီးဆုံးရှုံးမှုများနှင့်ဖယ်ရှားရှင်းလင်းဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများပြသထားရှိမှုအား ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်