ပြည်ကြီးတံခွန် မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများမဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မတ် ၂၈ ရက်နေ့ နံနက်ပိုင်းကစတင်၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် Popy မုန့်မျိုးစုံထုတ်လုပ်ရေးစက်ရုံ၌ မီးဘေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ သရုပ်ပြလေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် သန္ဓေတပ်ဖွဲ့၀င် ရှစ်ဦးနှင့် Popy မုန့်မျိုးစုံ ထုတ်လုပ်ရေးစက်ရုံမှ ၀န်ထမ်းများပူးပေါင်းကာ ဟောပြောသရုပ်ပြသခြင်း၊ မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ 191 report applicationအား ထည့်သွင်းပေးခြင်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ ပြည့်စုံစွာထားရှိစေရေးမှာကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ပြန်/ဆက်)