မဟာအောင်မြေမြို့နယ်၌ ဓမ္မာစရိယစာမေးပွဲဓမ္မသင်္ဂဏီကျမ်း (ဒုတိယနေ့) နောက်ဆုံးရက်ဖြေဆို

‎‎မဟာအောင်မြေ မတ် ၂၉

‎‎၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို မဟာအောင်မြေမြို့နယ် အ.ထ.က (၁၃) ကျောင်း စာဖြေဌာန၌ မတ် ၂၇ ရက်နေ့ မွန်းလွဲပိုင်းက (ဒုတိယနေ့) နောက်ဆုံးရက်ဖြေဆိုကျင်းပသည်။

‎‎အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုနေမှုကို ဩဝါဒါစရိယဆရာတော်များ၊ အထူးကြီးကြပ်ရေးဆရာတော်များ၊ အထူးစစ်ဆေးရေးဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်ကြီးများက ဦးစွာကြည်ညိုပြီး မဟာအောင်မြေမြို့နယ်၊ အ.ထ.က(၁၃) ကျောင်း၌ ဓမ္မသင်္ဂဏီကျမ်း (ဒုတိယနေ့) နောက်ဆုံးရက်ကို ဆက်လက်ဖြေဆိုလျက်ရှိသော သံဃာတော် ၄၂၆ ပါးရှိကြောင်း သိရသည်။

‎‎၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲစာရင်းရှိ သံဃာတော် ၆၅၀ ပါး ဖြေဆိုသံဃာတော် ၄၂၃ ပါး ပျက်ကွက်သံဃာတော် ၂၇၇ ပါး၊ စာရင်းရှိသီလရှင် ၃ ပါး ဖြေဆိုသီလရှင် ၃ ပါး စုစုပေါင်း ၄၂၆ ပါး အောင်မြင်စွာဖြေဆိုခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း (ပြန်/ဆက်)