နောင်ချိုမြို့နယ်၌ အခြေခံခဲပန်းချီသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နောင်ချို မတ် ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီ(အခမဲ့)အခြေခံခဲပန်းချီသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၂၉ ရက် နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သင်တန်းနည်းပြ မြို့နယ်ဥပဒေအရာရှိ ဦးဝင်းဘိုမှ သင်တန်းသား၊ သင်တန်းသူများအား သင်ကြားပို့ချ ပြသပေးခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင် ပထမဆု ရရှိသည့်သင်တန်းသူ မအိမ့်သက်ချယ်အား ဂုဏ်ပြုဆုငွေ (၅၀၀၀၀) ကျပ်၊ ဂုဏ်ပြုလက်ဆောင်ပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ ဒုတိယဆုရရှိသည့် မနန်းနှင်းထက်ချယ်ရီအား ဂုဏ်ပြုဆုငွေ (၃၀၀၀၀) ကျပ်၊ ဂုဏ်ပြုလက်ဆောင်ပစ္စည်းနှင့်ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ တတိယဆုရရှိသည့် မောင်ဇော်မျိုးထက်အား ဂုဏ်ပြုဆုငွေ (၂၀၀၀၀) ကျပ်၊ ဂုဏ်ပြုလက်ဆောင်ပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ နှစ်သိမ့် ဆု-၁ ရရှိသည့် မောင်အောင်ဘုန်းခန့်အား ဂုဏ်ပြုဆုငွေ (၁၀၀၀၀)ကျပ်၊ ဂုဏ်ပြုလက်ဆောင်ပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း၊ နှစ်သိမ့်ဆု-၂ ရရှိသည့် မချစ်စနိုးနဒီအား ဂုဏ်ပြုဆုငွေ (၁၀၀၀၀) ကျပ်၊ ဂုဏ်ပြုလက်ဆောင်ပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာအားလည်းကောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစည်သူလင်းနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

သင်တန်းတွင် သင်ကြားပို့ချသင်တန်းနည်းပြအား မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ခဲ့ပြီး သင်တန်းသား/သူများအား  သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ သင်တန်းသား/သင်တန်းသူများမှ သင်တန်းတက်ရောက်ခဲ့ရမှုအပေါ် မိမိ၏အတွေ့အကြုံများအား ပြောကြာခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ နွေရာသီ (အခမဲ့) အခြေခံခဲပန်းချီသင်တန်းကို ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှ မတ်လ (၂၈) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။  

မြို့နယ်(ပြန်/ဆက်)