လွိုင်လင် မတ် ၂၉
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့၌ (၂၁) ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် (၁၂) နာရီက လွိုင်လင်မြို့ မင်္ဂလာအနောက်ကျောင်းတိုက်၌ စတင်ကျင်းပသည်။
ဦးစွာ စာမေးပွဲကြီးကြပ်ဆရာတော်များနှင့် စာဖြေသံဃာများအား ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ လှူဒါန်းသည့် နေ့ဆွမ်း၊ ခဲဘွယ်တို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့်တာဝန်ရှိသူများက ဆက်ကပ်ကြသည်။ ထို့နောက် စာမေးပွဲပထမနေ့ကို မွန်းတည့် (၁၂) နာရီတွင် စတင်ဖြေဆိုကြသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲ လွိုင်လင်စာဖြေဌာနတွင် ပထမငယ်တန်း၌ (၇) ပါး၊ ပထမလတ်တန်း၌ (၆) ပါး၊ အခြေပြုမူလတန်း၌ (၅၀) ပါး စုစုပေါင်း (၆၃) ပါး ဝင်ရောက် ဖြေဆိုကြရာ စာမေးပွဲကို ဧပြီလ (၄) ရက်နေ့အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လွိုင်လင်မိုး