ကျောက်ဆည် မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ပြည်သူများ စားဝတ်နေရေးအထောက်အပံ့ရရှိစေရန် အထွေထွေရောဂါကုပြည်သူ့ဆေးရုံဝင်းအတွင်း၌ မတ် ၂၉ ရက် နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် ၁၆၀ ကျော်အတွက် ပြည်သူ့သက်သာဈေးဖွင့်လှစ်၍ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ စားအုန်းဆီဝယ်ယူပါက တစ်ဦးလျှင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ၅၀ ကျပ်သား၊ ဝက်သား၊ အမဲသား၊ ဆိတ်သားများကို ဝယ်လိုပါက ဝက်သားတစ်ပိဿာ ကျပ်၂၆၀၀၀၊ အမဲသားတစ်ပိဿာ ငွေကျပ်၂၅၀၀၀၊ ဆိတ်သားတစ်ပိဿာငွေကျပ် ၂၈၀၀၀ ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)