ပေါက်ခေါင်း မတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို အ.ထ.က(ပေါက်ခေါင်း)ကျောင်း ရွှေရတုခန်းမ၌ ယမန်နေ့ မွန်းတည့် ၁၂နာရီမှ ညနေ ၃ နာရီအထိ ကျင်းပသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲတွင် ပေါက်ခေါင်းမြို့နယ်မှ ပထမကြီးတန်းတွင် စာဖြေသံဃာ(၁)ပါး၊ ပထမလတ်တန်းတွင် စာဖြေသံဃာ(၇)ပါး၊ ပထမငယ်တန်းတွင် စာဖြေသံဃာ(၁၀)ပါးနှင့် အခြေပြု မူလတန်းတွင် စာဖြေသံဃာ(၁၀)ပါး၊ စုစုပေါင်း (၂)ပါး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး၊ မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး ပေါက်ခေါင်းမြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ယခင်နှစ်က ကျင်းပခဲ့သော ပါဠိပထမပြန်စာမေးပွဲတွင် ပေါက်ခေါင်းမြို့နယ်မှ ပထမကြီး တန်းအောင် သံဃာ(၂)ပါး၊ ပထမငယ်တန်းအောင် သံဃာ (၄)ပါးနှင့် အခြေပြုအောင် သံဃာ(၅)ပါး စုစုပေါင်း စာအောင်သံဃာ(၁၁)ပါး အောင်မြင်ခဲ့ကြောင်း သိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)