ဟိုပုံး မတ် ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၄၃)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီက သီရိမင်္ဂလာသာသာနာ့ဗိမာန်တွင် ကျင်းပသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲကို ဟိုပုံးမြို့နယ်မှ ပထမကြီးတန်း စာရင်းရှိ (၂၅)ပါး၊ ဖြေဆို (၂၃) ပါး၊ ပထမလတ်တန်းစာရင်းရှိ (၅၇)ပါး၊ ဖြေဆို (၅၃)ပါး၊ ပထမငယ်တန်း စာရင်းရှိ (၈၃)ပါး၊ ဖြေဆို (၇၈)ပါး၊ အခြေပြုမူလတန်း စာရင်းရှိ (၂၈၅)ပါး၊ ဖြေဆို(၂၆၈)ပါး စုစုပေါင်း စာရင်းသွင်း(၄၅၀)ပါး၊ ဖြေဆို(၄၂၂)ပါး၊ ပျက်ကွက်(၂၈)ပါးရှိကြောင်းသိရသည်။
ပါဠိပထမပြန်စာမေးပွဲတွင် စာမေးပွဲကြီးကြပ်ရေးဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ စာမေးပွဲကာလအတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးခြင်းနှင့် မြို့နယ်အတွင်းရှိ စေတနာရှင်၊ အလှူရှင်များက လှူဖွယ်ပစ္စည်းနှင့် ဆွမ်းများဆက်ကပ်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို မတ်၂၉ရက်မှ ဧပြီ၄ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)