မင်္ဂလာတောင်ညွန့် မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ကန်ပတ်လမ်းရှိတိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ဝင်ပေါက်ရှေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ လှော်ကားသဘာဝဥယျာဉ်သို့ MountainBike(MTB)လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကိုယနေ့နံနက်(၆)နာရီက ကျင်းပသည်။
အဆိုပါစက်ဘီးစီးပြိုင်ပွဲဖွင့်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများတက် ရောက်ကြသည်။
ထို့နောက်ပြိုင်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ပါသည်။ ပြိုင်ပွဲတွင်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူသစ်တန်း စက်ဘီးအားကစားသမား အမျိုးသား(၄၂၈)ဦး၊ အမျိုးသမီး(၁၇)ဦး၊ စုစုပေါင်း(၄၄၅)ဦး ပါဝင်ယှဉ်ပြိုင်ကြောင်း သိရသည်။
မြတ်မြတ်အေး(ပြန်/ဆက်)