ချမ်းမြသာစည်မြို့နယ်၌ နွေရာသီကျောင်းပိတ်ချိန်တွင် ယဥ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်

ချမ်းမြသာစည်  မတ်  ၂၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ နွေရာသီကျောင်းပိတ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာ၊ အတတ်ပညာသာမက ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှု မြင့်မားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လိမ္မာရေးခြားရှိစေရန် ရည်ရွယ်၍ ယဥ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက် ၉နာရီက ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ်(၅)ရပ်ကွက်ရှိ ရွှေဘုန်းရောင်ဓမ္မာရုံတွင် သင်ကြားလျက်ရှိသည်။

အဆိုပါ ယဥ်ကျေးသင်တန်းတွင် တက်ရောက်သင်ကြားနေသော ကျောင်းသား/ကျောင်းသူ(၂၀၀)အား ချမ်းမြသာစည်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဆွေဝင်းနှင့်အဖွဲ့ဝင်များက ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်များ ထောက်ပံ့လှူဒါန်းခဲ့ပြီး ကြာဆံကြော်များလည်း ပေးဝေခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည်)