မဟာအောင်မြေ မတ် ၂၉
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက မစိုးရမ်တိုက်သစ်၌ ကျင်းပသည်။
အဆိုပါစာမေးပွဲအား မြို့နယ်အတွင်းရှိ ရဟန်း၊ ရှင်သာမဏေ၊ သီလရှင် ပထမကြီးတန်းတွင် (၂၆၂) ပါး၊ ပထမလတ်တန်းတွင်ရှင်သာမဏေ၊ လူပုဂ္ဂိလ်များအပါအဝင်ဖြေဆိုသူ (၂၂၆)ပါး၊ ပထမငယ်တန်းတွင်ရှင်သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ် (၂၄၈)ပါး၊ အခြေပြုမူလတန်းတွင်ရှင်သာမဏေ၊ သီလရှင်၊ လူပုဂ္ဂိုလ် (၃၃၆) ပါး၊ စုစုပေါင်း (၁၀၇၂) ပါး ကြွရောက်ဖြေဆိုလျက်ရှိသည်။
စာမေးပွဲဖြေဆိုနေမှုများအား ဩဝါဒါစရိယဆရာတော်များနှင့် တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်၂၉ ရက်မှ ဧပြီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း စာမေးပွဲများကို နေ့ရက်အလိုက်ဘာသာရပ်စာမေးပွဲများ ကျင်းပဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း