နမ့်စန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ စတင်ဖြေဆို

နမ့်စန်(တ) မတ် ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ မြို့ဦးသီရိမင်္ဂလာကျောင်းတိုက် စာဖြေဌာနအတွင်းတွင် ယနေ့ နေ့လယ် ၁၂ နာရီ ကစတင်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပါဠိပထမပြန် စာမေးပွဲကြီးကြပ်ရေးဥက္ကဋ္ဌ သုခိတာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်က စာမေးပွဲဖြေဆိုရာတွင် လိုက်နာရမည့် စည်းကမ်းချက် များကို မိန့်ကြားခဲ့သည်။

ထို့နောက် စာမေးပွဲကြီးကြပ်ရေးဆရာတော်များက အတန်းစဉ်အလိုက် မေးခွန်းပုစ္ဆာများကို ဝေငှပေးခဲ့ပြီး စာမေးပွဲစတင်ဖြေဆိုခဲ့သည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက်မှ ဧပြီလ ၄ ရက်နေ့အထိ နေ့စဉ် နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး နမ့်စန်မြို့နယ် အတွင်းရှိ ကျောင်းတိုက်များမှ ပထမကြီး (၆) ပါး၊ ပထမလတ် (၃) ပါး၊ ပထမငယ် (၁၆) ပါးနှင့် လူပုဂ္ဂိုလ် (၁) ဦး၊ အခြေပြုမူလတန်း (၅၅) ပါး၊ စုစုပေါင်း ရဟန်းသာမဏေ (၈၀) ပါးနှင့် လူပုဂ္ဂိုလ် (၁) ဦးဝင်ရောက် ဖြေဆိုလျက်ရှိကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သာသနာရေးဆိုင်ရာအသင်းအဖွဲ့များက လိုအပ်သည့် ဝေယျာဝစ္စကိစ္စရပ်များကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်သာသနာရေး ဦးစီးဌာနထံမှ သိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)