ပုသိမ်ကြီးမတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၆ ခုနှစ် ပါဠိပထမပြန် စာမေးပွဲစတင်ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက သီရိမင်္ဂလာ သရက်တောကျောင်းတိုက်၌ ရဟန်း၊ သီလရှင် စုစုပေါင်း ၅၉၄ ပါး ဖြေဆိုတော်မူကြသည်။
အဆိုပါစာမေးပွဲ ဖြေဆိုရာတွင် ပထမကြီးတန်း စာရင်းရှိ ၈၁ ပါး၊ ဖြေဆို ၆၂ ပါး၊ ပျက်ကွက် ၁၉ ပါး၊ ပထမလတ်တန်းစာရင်းရှိ ၁၁၅ ပါး၊ ဖြေဆို ၈၅ ပါး၊ ပျက်ကွက် ၃၀ ပါး၊ ပထမငယ်တန်းစာရင်းရှိ ၁၈၇ ပါး၊ ဖြေဆို ၁၄၅ ပါး၊ ပျက်ကွက် ၄၂ ပါး၊ အခြေပြုမူလတန်းစာရင်းရှိ ၄၁၁ ပါး၊ ဖြေဆို ၃၀၂ ပါး၊ ပျက်ကွက် ၁၀၉ ပါးရှိကြောင်း စာဖြေဌာနကြီးကြပ်ရေးမှူး ဆရာတော်ဦးလက္ခဏထံမှ သိရသည်။
စာမေးပွဲဖြေဆိုရာသို့ မြို့နယ်သံဃနာယက နာယကဆရာတော်ကြီးများ၊ ဥက္ကဋ္ဌဆရာတော် ဦးဥတ္တမနှင့်အဖွဲ့ဝင် ဆရာတော်ကြီးများ၊ စာဖြေဌာနတာဝန်ကျဆရာတော်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးမှူး ဦးအောင်မင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက စာဖြေ သံဃာ၊ သီလရှင်များအတွက် လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို (ပြန်/ဆက်)