ကလော မတ် ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့၊မဟာဓမ္မိကာရာမသိမ်တောင်ပရိယတ္တိစာသင်တိုက်၌ မတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီက(၉၄)ကြိမ်မြောက်အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမရက်တွင် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းနှင့်အခြေပြုမူလတန်းများဖြစ်သည့် သံဃာတော် နှင့်သီလရှင်အပါအဝင်စုစုပေါင်း ၅၆၉ ပါးစာရင်းပေးသွင်းထားပြီး ၅၁၅ ပါးဖြေဆိုကာ ၅၄ ပါးပျက်ကွက် ကြောင်းသိရသည်။
ဦးစွာအစိုးရပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် အောင်ပန်းမြို့ လွယ်မယ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဣဿရိယက ပထမပြန်စာမေးပွဲစည်းကမ်းချက်များအား မိန့်ကြားသည်။ထို့နောက်ကလောမြို့နယ်ရှိ သံဃာတော်နှင့်သီလရှင်များဖြစ်ကြသည့် ပထမကြီးတန်းတွင်(၃၂)ပါးနှင့်ပထမလတ်တန်း(၈၂)ပါးတို့က ဒွေမာတိကာဘာသာ/ဓမ္မပဒ၊ ပထမငယ်တန်း(၁၅၁)ပါးတို့က ဘိက္ခုပါတိမောက်ဘာသာ/ဓမ္မပဒ နှင့် အခြေပြုမူလတန်းတွင် အပါး (၂၅၀)တို့က ဝိနည်းကျင့်ဝတ်/သုကုမာရမဂ္ဂဒီပနီဘာသာရပ်တို့ဖြင့် စုစုပေါင်း စာဖြေ သံဃာနှင့် သာသနာနွယ်ဝင် ၅၁၅ ပါးတို့က စာဖြေဆောင်(၄)ဌာန တို့တွင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)