ဆီဆိုင်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ဆီဆိုင် မတ် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က မြကန်သာရပ်ကွက်ရှိ ဇဝနာရာမစာသင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

အစိုးရပါဠိပထမပြန်စာမေးပွဲကို ဆီဆိုင်မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာရင်းပေးသွင်းထားသည့် စာဖြေသံဃာတော် စုစုပေါင်း(၈၆)ပါးအနက် ပထမလတ်တန်း(၃)ပါး၊ ပထမငယ်တန်း (၁၃)ပါး၊ အခြေပြုမူလတန်း (၄၇)ပါး၊  စုစုပေါင်း စာဖြေသံဃာတော်(၆၃)ပါး ဖြေဆိုလျက်ရှိသည်။

အစိုးရပါဠိပထမပြန်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြသည့် စာဖြေသံဃာတော်များအား စာမေးပွဲကြီးကြပ်ရေး ဆရာတော်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကိုကူညီ ဆောင်ရွက်ပေး၍ စေတနာရှင်၊ အလှူရှင်များမှလည်း ဆွမ်း၊ အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စာဖြေသံဃာတော်များအတွက် လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)