မိုင်းခတ်မြို့နယ် ယန်းမိုင်(လားဟူ)ကျေးရွာ၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော

မိုင်းခတ် မတ် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ဝမ်ခုတ်ကျေးရွာအုပ်စု၊ ယန်းမိုင်(လားဟူ)ကျေးရွာ၊ ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဟော‌ပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်က တောမီးရှို့ခြင်းမှ မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်းမှုဒဏ်များခံရကြောင်း၊ ထိုမှတဆင့် ကျန်းမာရေးဆိုးကျိုးများ ထိခိုက်လာနိုင်ကြောင်းနှင့် တောင်သူများအနေဖြင့် တောင်ယာမီးနှင့် တောမီးများရှို့ခြင်းကို မပြုလုပ်ကြရန် ဟောပြောပြီး၊ ကျိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးစွမ်းထက်နိုင်က မီးခိုးမြူငွေ့ဖြစ်ပေါ်မှု၊ မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ဆိုးကျိုးများနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးလုပ်ငန်းများအကြောင်း ပညာပေးဟောပြောကာ တောင်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)