ပင်းတယ မတ် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)၊ Community Centre ခန်းမ၌ ယနေ့နံနက်ပိုင်းက Book Club ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးက ဦးဆောင်ဆွေးနွေးပြောကြားပြီး၊ Book Club ဝင်များက စာရေးဆရာကိုတာ ရေးသားသည့် “ဖြန့်ထွက်တွေးခြင်းနှင့် အခြားစာတမ်းများ” စာအုပ်တွင်ပါဝင်သည့် “စာရေးခြင်းအကြောင်း”၊ “ပြောင်းလဲခြင်းနှင့်ဖြန့်ထွက်တွေးခြင်း”၊ “ဖြန့်ထွက်တွေးခြင်းမိတ်ဆက်” နှင့် “အစည်းအဝေးများနှင့်ဦးထုပ်ခြောက်လုံးတွေးခြင်း” စသည့်အကြောင်းအရာများကို ဖတ်ရှုခဲ့ကြကာ Book Club ဝင်များက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)