တနင်္သာရီတိုင်းဒေသကြီးအတွင်းစာဖြေဌာနများ၌ ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ထားဝယ်   မတ်   ၃၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ၂၃ ရက်မှ ဧပြီ ၄ ရက် အထိ ကျင်းပနေသော အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ သာသနာ့ဗိမာန်တော်ကြီး၌ကျင်းပလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးမှုရေးရာဝန်ကြီးဦးသက်နိုင်က  ထားဝယ်စာဖြေဌာနသို့ လာရောက်ကြည်ညိုစဉ် စာမေးပွဲကြီးကြပ်ရေးဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများ  ဆက်ကပ်လှူဒါန်းသည်။

ထို့နောက်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက သာသနာ့ဗိမာန်တော်ကြီး၌ ဖြေဆိုနေသော သံဃာတော်၊ သီလရှင်၊ သာမဏေနှင့် လူပုဂ္ဂိုလ်များအား ကြည်ညိုအားပေးပြီးအအေးနှင့် ရေသန့်များ ဆက်ကပ်လှူဒါန်းသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ၌ ထားဝယ်စာဖြေဌာနတွင်  ၂၈ ပါး၊  မြိတ်စာဖြေဌာနတွင် ၄၃ ပါး၊  ပါဠိပထမပြန်စာမေးပွဲ၌ ထားဝယ်စာဖြေဌာနတွင် ပထမကြီးတန်း ၁၆ ပါး၊ ပထမလတ်တန်း ၁၅ ပါး၊  ပထမငယ်တန်း ၄၉ ပါး၊  အခြေပြုမူလတန်း ၈၉ ပါး၊ မြိတ်စာဖြေဌာနတွင် ပထမကြီးတန်း ၁၅ ပါး၊ ပထမလတ်တန်း အပါး ၆၀ ၊  ပထမငယ်တန်း ၁၀၂ ပါး၊  အခြေပြုမူလတန်း ၁၄၇ ပါး၊  ကော့သောင်း စာဖြေဌာနတွင် ပထမကြီးတန်း ၁၁ ပါး၊ ပထမလတ်တန်း ၁၃ ပါး၊  ပထမငယ်တန်း ၂၆ ပါး၊  အခြေပြုမူလတန်း ၅၈ ပါး ဖြေဆိုလျက်ရှိသည်။

အဆိုပါစာဖြေဌာနများတွင် ဆရာတော်ကြီးများ၊ သံဃာတော်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)