ချမ်းမြသာစည် မတ် ၃၀
မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် ရေနံထွက်ပစ္စည်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ စက်သုံးဆီအရောင်းဆိုင်များ သတ်မှတ်ချက်နှင့်အညီရောင်းချခြင်း ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် MEC ၊ Denko နှင့် BOC ၊ အရောင်းဆိုင်များတွင် ပြည်သူများ ဆီအလုံအလောက်ရရှိစေရေး၊ စက်သုံးဆီ ပုံမှန်ရောင်းချပေးနိုင်ရေး၊ PO (Purchase order) များ အလုံအလောက်ရရှိစေရေး၊ မော်တော်ယာဥ်များအား စက်သုံးဆီချွေတာသုံးစွဲရေး၊ မလိုအပ်ဘဲ ဆီများ သိုလှောင်းခြင်း မပြုလုပ်ရန်၊ ပြည်သူများကလည်း စနစ်တကျတန်းစီရန်နှင့် စက်သုံးဆီတန်းစီမှုလျော့ကျစေရန်အတွက် Dispenser များ၊ QR code ဖတ်သည့် ဝန်ထမ်းများထားရှိရန် စသည်တို့ကို မှားကြားကာ အလှူရှင်များ လှူဒါန်းသည့် သောက်ရေသန့်ဘူးများ ထားရှိပေးခဲ့ပြီး စက်သုံးဆီအရောင်းဆိုင်များ စနစ်တကျရောင်းချပေးနိုင်ရေးနှင့် စက်သုံးဆီတန်းစီမှုလျော့ကျစေရေး ကြပ်မတ်ကြည့်ရှုစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလင်းသစ် (ချမ်း/စည်)