စဥ့်ကိုင်​မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ (ပထမနေ့) စတင်ဖြေဆို

စဉ့်ကိုင် မတ် ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ခုနှစ်၊ အစိုးရ ပါဠိပထမပြန် စာမေးပွဲ (ပထမနေ့)ကို  တရုတ်စုရပ်ကွက်၊ တိုက်ကျောင်း ပရိယတ္တိ စာသင်တိုက်အတွင်းရှိ သဇင်ညွန့်ဓမ္မာရုံ၊ ရွှေကံကူ ဓမ္မာရုံနှင့် ဆွမ်းစား ကျောင်းဆောင်တို့၌ မတ် ၂၉ ရက် မွန်းလွဲ ၁ နာရီက မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ သီလရှင်စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများမှ  စာဖြေ သံဃာတော်/သီလရှင် ၂၉၅ ပါး ဖြေဆိုတော်မူကြသည်။

၂၀၂၆ ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲ (ပထမနေ့) ဖြေဆိုရာတွင် မြို့နယ်အတွင်းရှိ ပရိယတ္တိ စာသင်တိုက်များ၊ သီလရှင်စာသင်တိုက်များ၊ ဘုန်းတော်ကြီးကျောင်းများမှ ပထမကြီးတန်းတွင် သံဃာ/ သီလရှင် စာရင်းရှိ ၇၃ ပါး၊‌ ဖြေဆို ၆၆ ပါး၊ ပျက်ကွက် ၇ ပါးတို့က ဒွေမာတိကာ / ဓမ္မပဒ ဘာသာရပ်အားလည်းကောင်း၊ ပထမလတ်တန်းတွင် သံဃာ/သီလရှင် စာရင်းရှိ ၄၄ ပါး၊ ‌ဖြေဆို ၃၇ ပါး၊ ပျက်ကွက် ၇ ပါးတို့က ဒွေမာတိကာ/ဓမ္မပဒ ဘာသာရပ်အားလည်းကောင်း၊ ပထမငယ်တန်းတွင် သံဃာ/သီလရှင် စာရင်းရှိ ၉၁ ပါး၊‌ ဖြေဆို ၇၆ ပါး၊ ပျက်ကွက် ၁၅ ပါးတို့က ဘိက္ခုပါတိမောက်/ဓမ္မပဒ ဘာသာရပ်အား လည်းကောင်း၊ အခြေပြု မူလတန်း သံဃာ/သီလရှင် စာရင်းရှိ ၁၃၆ ပါး၊‌ဖြေဆို ၁၁၆ ပါး၊ ပျက်ကွက် ၂၀ ပါးတို့မှ ဝိနည်း ကျင့်ဝတ်/သူကုမာရ မဂ္ဂဒီပနီဘာသာရပ်အားလည်းကောင်း၊ စုစုပေါင်း သံဃာ/ သီလရှင် စာရင်းရှိ ၃၄၄ ပါး၊ ဖြေဆို ၂၉၅ ပါး၊ ပျက်ကွက် ၄၉ ပါးတို့ အေးချမ်းစွာ ဖြေ‌ဆိုခဲ့ကြရာ မြို့နယ် သံဃာ့နာယက ဥက္ကဌ ရတနာမြိုင်ကျောင်းသစ် ကျောင်း တိုက် ဆရာတော် ဘဒ္ဒန္တစန္ဒိမာနှင့် မြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော်များမှ စာမေးပွဲကို အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာဖြေ ရဟန်း ၊ သံဃာတော် ၊ သီလရှင်များ အေးချမ်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ တပည့်ဒါယကာ၊ ဒါယိကာမများက ဆွမ်း၊ ခဲဖွယ်၊ ဆေး၊ အအေးများနှင့် နဝကမ္မ အလှူငွေများ ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)