ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်အတွင်း မီးဘေးလုံခြုံရေး စစ်ဆေး

ပြည်ကြီးတံခွန်    မတ် ၃၀

မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပူပြင်း‌ခြောက်‌သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မပေါ်ပေါက်စေရေးအတွက် ယနေ့ နံနက်ပိုင်းက (ခ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။     

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့် မီးသတ်တပ်ဖွဲ့၀င်များက ပြည်ကြီးတံခွန်မြို့နယ် (ခ)ရပ်ကွက်အတွင်း မီးဘေးတစ်အိမ်တက်ဆင်း စစ်ဆေးခြင်း၊ 191 application  ထည့်သွင်းပေးခြင်းနှင့် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ မီးသတ်ဆေးဘူးများ  ပြည့်စုံစွာထားရှိစေရေး အသိပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)