ညောင်ဦး မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မြန်မာ့ရိုးရာယဉ်ကျေးမှုလမ်းလျှောက်သင်္ကြန် စည်းကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့်ပါဝင်ဖျော်ဖြေကြမည့် သင်္ကြန်ယိမ်းအဖွဲ့များ၊စတုဒိသာကျွေးမွေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မတ် ၃၀ ရက် နံနက် ၉ နာရီခွဲက ကျင်းပသည်။
အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုက ၁၃၈၇ ခုနှစ်၊မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆွေးနွေးသည်။ ထို့နောက် မြန်မာ့ရိုးရာ လမ်းလျှောက်သင်္ကြန်စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဗဟိုမဏ္ဍပ်နှင့်ဖွင့်ပွဲကျင်းပနိုင်ရေး မုခ်ဦးပုံဒီဇိုင်းအား ပုဂံအငွေ့အသက်ပုံဒီဇိုင်းရေးဆွဲ၍ မုခ်ဦးပုံစံငယ်၊စတုဒိသာကျွေးမွေးနိုင်ရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ သင်္ကြန်ယိမ်းအဖွဲ့များ ကပြဖျော်ဖြေနိုင်ရေး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လမ်းလျှောက်သင်္ကြန်ကျင်းပမည်ဖြစ်သည့်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု အငွေ့အသက်ပြည့်ဝစွာ လမ်းလျှောက်သင်္ကြန်ပါဝင်ဆင်နွှဲသူများခံစားနိုင်ရေး ဆပ်ကော်မတီအဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်နိုင်ရေး၊လမ်းလျှောက်သင်္ကြန်ပွဲတော်အား ပုဂံထီး၊ ပုသိမ်ထီးတို့ဖြင့် အလှဆင်ထားနိုင်ရေးတို့အား ဆပ်ကော်မတီအသီးသီးက တာဝန်ယူဆောင်ရွက်ထားသည်များအား တင်ပြကြသည်။ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာဓလေ့ထုံးတမ်း စဉ်လာများနှင့်အညီ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဒီပါလင်း