ပင်လောင်း မတ် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရင်းမှီးပရိယတ္တိစာသင်တိုက်၌ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
အစိုးရပါဠိပထမပြန်တွင် အခြေပြုမူလတန်းစာမေးပွဲတွင် ရဟန်း ၁ ပါး၊ သာမဏေ ၆၈ ပါး၊ သီလရှင် ၂ ပါး၊ ပထမငယ်တန်းစာမေးပွဲတွင် ရဟန်း ၆ ပါး၊ သာမဏေ ၄၇ ပါး၊ ပထမလတ်တန်းစာမေးပွဲတွင် ရဟန်း ၉ ပါး၊ သာမဏေ ၂၅ ပါး၊ သီလရှင် ၂ ပါး၊ ပထမကြီးတန်းစာမေးပွဲတွင် ရဟန်း ၆ ပါး၊ သာမဏေ ၄ ပါး၊ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၇၀ ပါး ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို မြို့နယ်သြဝါဒါစာရိယအဖွဲ့ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ ၂၀၂၆ ခုနှစ် မတ်လ ၂၉ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)