ကျောက်ဆည် မတ် ၃၀
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါး ၄၉၃၂ ဧက လျာထားပြီး ၁၅၀၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
နွေစပါးများစိုက်ပျိုးရာ၌ ဇော်ဂျီမြစ်ဆည်၊ ကင်းတားဆည်၊ သစ်တက္ကုန်းဆည်၊ စက်ရေတွင်း များဖြင့် စိုက်ပျိုးလျက်ရှိရာ တမုတ်မြောင်းရေဖြင့် ၁၂၅ ဧက၊ မင်းရဲမြောင်းရေဖြင့် ဧက ၆၁၀၊ သင်းတွဲ မြောင်းရေဖြင့် ၆၈၉ ဧက၊ ထုံးကြီး မြောင်းရေဖြင့်၂၂ ဧက၊ သင်းဒီး မြောင်းရေဖြင့် ၅၅ ဧက စုစုပေါင်း ၁၅၀၁ ဧက စိုက်ပျိုးပြီးကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် နွေစပါး ၄၉၃၂ ဧက လျာစိုက်ပျိုးလျက်ရာ လျာထားဧက ပြည့်မီရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)