မိတ္ထီလာ မတ် ၃ဝ
မန္တလေးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်မှုဖြင့် မိတ္ထီလာမြို့ မြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို မတ် ၂၉ ရက်က ခရိုင်မီးသတ်ဦးစီးဌာနနှင့် မြို့မဈေးကြီးတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူးဦးကျော်ဆန်း ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့မဈေးကြီးတာဝန်ရှိသူများပူးပေါင်း၍ ဈေးသူဈေးသားများအဖြင့် မီးအသုံးပြုရာတွင် သတိရှိရှိအသုံးပြုကြရန်၊ အသုံးပြုပြီးမီးများကို စနစ်တကျငြှိမ်းသတ် ခဲ့ကြရန်၊ လျှပ်စစ်မီးများကို မမေ့မလျော့ဘဲ ပိတ်ခဲ့ပြီး မိန်းများချထားခဲ့ကြရန်၊ မီးကူးစက်လွယ်သော ပိတ်စိမ်းစများနှင့် မိုးကာများကို ယာယီအမိုးအကာအဖြစ် မပြုလုပ်ကြရန်၊ ယာယီမီးကြိုးသွယ်တန်းခြင်း မပြုကြရန်၊ အင်တာနက်ဝိုင်ဖိုင်ကြိုးများကို မီးသတ်ကား အဝင်အထွက်လွတ်အောင်သွယ်တန်းအသုံးပြုကြရန် အသိပညာပေးပြောကြားခဲ့ပြီး ဈေးပိတ်ချိန်တွင် လိုက်နာဆောင်ရွက်မှုရရှိမရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းသာ