မဟာအောင်မြေ မတ် ၃၀
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကြီးမှူး၍ နှစ်စဉ်အစိုးရပါဠိ ပထမပြန်စာမေးပွဲကို မတ်၂၉ ရက်နေ့မှ ကျင်းပဆောင်ရွက်ခဲ့ရာ ယနေ့နေ့လယ် ၁၂ နာရီတွင်လည်း မစိုးရိမ်တိုက်သစ်၌ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲအား မဟာအောင်မြေမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ ရဟန်း၊ ရှင်သာ မဏေ၊ သီလရှင်ပထမကြီးတန်းတွင် (၂၆၂) ပါး၊ ပထမလတ်တန်းတွင်ရှင်သာမဏေ၊ လူ (၂၂၄)ပါး၊ ပထမငယ်တန်းတွင်ရှင်သာမဏေ၊ သီလရှင်၊ လူ (၂၄၆) ပါး၊ အခြေပြုမူလတန်းတွင်ရှင်သာမဏေ၊ သီလရှင်၊လူ (၃၂၇) ပါး၊ စုစုပေါင်း (၁၀၅၉) ပါး ဆက်လက်ကြွရောက်ဖြေဆိုလျက်ရှိရာ စာမေးပွဲဖြေဆိုနေမှုများအား ဩဝါဒစရိယဆရာတော်များနှင့် တာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို မတ်၂၉ ရက်မှ ဧပြီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ရာ အခြေပြုမူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်းစာမေးပွဲများကို နေ့ရက်အလိုက် ဘာသာရပ်စာမေးပွဲများ ကျင်းပဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း