ပင်လုံမြို့၌ အမှတ်(၂)ရပ်ကွက် တောင်ခြေလမ်းနှင့် နောင်ပလူးလမ်းအရှည် (၂၃၀၀)ပေ/လမ်းအကျယ်(၁၂)ပေ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းဖဲကြိုးဖြတ် ဖွင့်လှစ်

ပင်လုံ မတ် ၃၀

ရှမ်းပြည်နယ် (​တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ အမှတ်(၂)ရပ်ကွက် တောင်ခြေလမ်းနှင့် နောင်ပလူးလမ်းအရှည်(၂၃၀၀)ပေ/လမ်းအကျယ်(၁၂)ပေ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားကာ ဒေသခံများကိုယ်စား ရပ်မိ/ရပ်ဖ ဦးစိုင်းရွှေထွန်းမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအသင်းဒုဥက္ကဋ္ဌ ဦးခွန်လှသိန်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ပင်လုံမြို့ မြို့မနောင်ကွတ်ပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တပညာဗလ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်တို့မှ လမ်းအား  နမောတဿ(၃)ကြိမ်ရွတ်ဆိုပြီး ဇယန္တောအောင်ဂါထာဖြင့် ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးနောက် ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာပက်ဖျန်းကာ အသစ်ဖေါက်လုပ်ထားသော ကွန်ကရစ်လမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုခဲ့ကြသည်။

၎င်းအခမ်းအနားသို့ ဆရာတော်ကြီးနှင့်တကွ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပင်လုံမြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စာ​ပေယဥ်ကျေးမှုအသင်းများ၊​ဒေသခံပြည်သူများ တက်ရောက်ခဲ့၍ အိုးစည်ဗုံမောင်းဖြင့် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ပြီးနောက် တက်ရောက်လာကြသော ဧည့်သည်များက ဆရာတော်ကြီးများထံမှ အန္တရာယ်ကင်း ပရိတ်တော်များနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

မြို့နယ်(​ပြန်/ဆက်)