တာချီလိတ် မတ် ၃၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ TCL KOMBAT လက်ဝှေ့ကလပ် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အပျော်တမ်းလက်ဝှေ့ပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက မယ်ခေါင်ရပ်ကွက်ရှိ အဆိုပါအားကစားကလပ်ခန်းမတွင် ကျင်းပသည်။
ပြိုင်ပွဲတွင် အားကစားသမားများ စည်းစနစ်တကျ ယှဉ်ပြိုင်နိုင်ရန်နှင့် စည်းမျဉ်းစည်းကမ်းများအတွက် ခုံဒိုင်များအဖြစ် ကစားသမားဟောင်း ဆရာဦးမိုးသူနှင့် ဆရာဦးဇေယျာအောင်တို့က တာဝန်ယူဆောင်ရွက်ကာ ကြိုးဝိုင်းဒိုင်အဖြစ် ဆရာ စိန်မျိုးအောင်က ဆောင်ရွက်ပြီး တာချီလိတ်မြို့နယ်အတွင်းရှိ အားကစားကလပ်များမှ ပြိုင်ပွဲဝင်အားကစားသမား ၂၀ ဦး (တွဲဆိုင်း ၁၀ ဆိုင်း) ပါဝင်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲကို လူငယ်လူရွယ်များ ကိုယ်ခန္ဓာကြံ့ခိုင်သန်စွမ်း၍ အားကစားစိတ်ဓါတ်များ မြှင့်တင်နိုင်စေရန်နှင့် တာချီလိတ်မြို့နယ် ကိုယ်စားပြု အားကစားသမားများ ပေါ်ထွက်နိုင်စေရန် ရည်ရွယ်၍ TCL KOMBAT လက်ဝှေ့ကလပ် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် Organizer များနှင့် Main Sponsor များဖြစ်ကြသည့် BM မေထန်ချိပ်သွပ်အမိုးပြားနှင့် လိတ်တံခါးကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းစိုင်း၊ ဟုန်ဖရွှေဆိုင် မိသားစုမှ ဦးစိုင်းစိုင်းနှင့် TCL KOMBAT လက်ဝှေ့ကလပ်တို့၏ ပံ့ပိုးကူညီမှုများဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)