ကော့သောင်းမြို့တွင် နွေရာသီ English Grammar (အလယ်တန်း/အထက်တန်းအဆင့်) သင်တန်းဆင်းပွဲကျင်းပ

ကော့သောင်း မတ် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဖွင့်လှစ်သော နွေရာသီ English Grammar (အလယ်တန်း/ အထက်တန်းအဆင့်) သင်တန်းဆင်းပွဲကို Community Centre ခန်းမတွင် ယနေ့နံနက်ပိုင်း က ကျင်းပသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဆန်းဝင်းက အမှာစကားပြောကြားခဲ့ပြီး၊ သင်တန်းနည်းပြဆရာ ဆရာဦးသန်းဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့‌သည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာသုံးချနိုင်စေရန်နှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်၊အခြေခံအားဖြင့် နားလည်သဘောပေါက်ပြီး လက်တွေ့အသုံးချတတ်စေရန် ရည်ရွယ်၍အဆိုပါ English Grammar သင်တန်းကို မတ်လ (၃)ရက်နေ့မှ မတ်လ(၃၀)ရက်နေ့ထိ (၁)လတာ အခမဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန် /ဆက်)