လဲချားမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သော ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

လဲချား မတ် ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် မတ်လ ၁၅ ရက်နေ့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သော ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဝမ်ဆန်းအုပ်စု ကောင်းခံရွာသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထိုသို့ ထောက်ပံငွေများပေးအပ်ရာတွင် ဒုမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သော ပြည်သူများကို အားပေးစကားများပြောကြားခဲ့ပြီး အိမ်ထောင်စု ၂၆ စုအတွက် ထောက်ပံ့ငွေ ၁၇၇၅၀၀၀ အား ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည့် အကူများလိုအပ်ပါက အချိန်မရွေးဆက်သွယ်ပေးရန်နှင့် သဘာဝဘေးများဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ အကြောင်းကြားပေးနိုင်ရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)