မိုင်းယောင်း မတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့က အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များက လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ကင်းစင်ရေး၊ လူငယ်ရေးရာနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများကို ဟောပြောသည်။
ထို့ပြင် မြန်မာ့ရိုးရာအတာသင်္ကြန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ အထွက်နှုန်းပန်းတိုင်ပြည့်မီရေး၊ အုတ်ကြွပ်များ အဆင့်မီထုတ်လုပ်နိုင်ရေး၊ ရော်ဘာ၊ ကော်ဖီနှင့် လက်ဖက်များ ကုန်ချောထုတ်လုပ်နိုင်ရေးတို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း