မိုင်းယု မတ် ၃၁
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ဆရာတော်အရှင်သူမြတ် သုံးပါးအား ကံထပ်မင်္ဂလာဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ ကျွမ်းတောင်းဘုန်းကြီးကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆရာတော်အရှင်သူမြတ်သုံးပါးမှာ ထပ်ပူခမ်းကျောင်းတိုက်ဆရာတော် ဦးဌိတ္တပညော၊ ဝမ်နားဟွေ့ကျေးရွာရှိ ကျောင်းတိုက်မှ ဦးက္ကုန္ဒဝံသော၊ မိုင်းယုမြို့မ၊ ကျွမ်းတောင်းကျောင်းတိုက်ဆရာတော် ဦးကေသလောတို့အား ကံထပ်မင်္ဂလာဂုဏ်ပြုပူဇော်ပွဲကို သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။
ယင်းပွဲတော် ယနေ့မတ် ၃၀ ရက်နေ့ နောက်ဆုံးနေ့၌ ဆရာတော်အရှင်သူမြတ်သုံးပါးအား ရေချိုးသန့်မှုများပြုလုပ်ပေးခြင်း၊ ဂုဏ်ပြုဘွဲ့မှတ်တမ်းများ ဆက်ကပ်ခြင်း၊ သိက္ခာထပ်မင်္ဂလာပြုလုပ်ခြင်းနှင့် ပင့်ဖိတ်ထားသည့် သံဃာတော်တို့အား ဆွမ်း၊ ဆန်စိမ်းလောင်းလှူကြခြင်းနှင့် အလှူရှင် ဥပါတကာ/မများက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခြင်းတို့ဖြစ်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကိုကိုနိုင်