ကော့သောင်းမြို့၌ ၁၃၈၇-၁၃၈၈ခု၊၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကော့သောင်း မတ် ၃၁

ကော့သောင်းမြို့၌ ၁၃၈၇-၁၃၈၈ခု၊၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ (၃၀) ရက်‌နေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင်  ကျင်းပသည်။

အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်တင့်က "ကော့သောင်းမြို့၌ ၁၃၈၇-၁၃၈၈၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စနစ်တကျစည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ အများပြည်သူ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲနိုင်ရေး၊ ဇီဝိတငါးလွတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်နိုင်ရေးအတွက် ဒုတိယအကြိမ်ညှိနှိုင်းသည့် အစည်းအဝေးဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများ၏ အခက်အခဲများအပေါ် တင်ပြဆွေးနွေးပေးကြရန်လိုအပ်ကြောင်းနှင့် ယခုနှစ်မဟာသင်္ကြန်ပွဲတော်ကို ယခင်နှစ်များထက်ပိုမို၍ စည်ကားစွာကျင်းပနိုင်ရေးနှင့် အေးချမ်းပျော်ရွှင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း" ပြောကြားခဲ့သည်။

ထို့နောက် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲ‌တော်ဖြစ်‌မြောက်ရေးကော်မတီဝင်များက ဗဟိုမဏ္ဍပ်ဆောက်လုပ်ရေး၊ ဗဟိုမဏ္ဍပ်ကြံ့ခိုင်မှုစစ်ဆေးရေး၊ ကြိုဆို၊ ပို့ဆောင်ရေး၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး၊ ကျန်းမာရေး၊ ပြိုင်ပွဲကျင်းပရေး၊ ဖျော်ဖြေရေးနှင့် ဆုချီးမြှင့်ရေး၊ ယိမ်းအကပြိုင်ပွဲကျင်းပရေး၊ ရန်ပုံငွေရှာဖွေရေး၊ ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်ရေရရှိရေး၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးနှင့် ယဉ်အန္တရာယ်ကင်းရှင်းရေး၊ ပြန်ကြားရေးနှင့်မှတ်တမ်းတင်ရေး၊မြန်မာနှစ်ဆန်း(၁)ရက်နေ့  ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပရေးနှင့်သက်ကြီးပူဇော်ပွဲကျင်းပရေး၊ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပရေး၊ မြန်မာ့သနပ်ခါးယဉ်ကျေးမှုနှင့် ဓလေ့ထိန်းသိမ်းမြှင့်တင်ရေး စသည့်လုပ်ငန်းများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)