ကျောက်ဆည်မြို့၌ ရပ်ကွက်၊ ကျေးရွာ ၁၀ ခု၌ သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာ ငွေ ၇၇၂၅ ကျပ်ဖြင့် စားအုန်းဆီ ၂၉၉၄ ပိဿာ ရောင်းချပေး

ကျောက်ဆည် မတ် ၃၁

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ရပ်ကွက်၊ ကျေးရွာ ၁၀ ခုအတွင်းရှိ ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာငွေ ၇၇၂၅ ကျပ်ဖြင့် စားအုန်းဆီ ၂၉၉၄ ပိဿာ ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။

ထိုသို့ရောင်းချရာ၌ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် စားအုန်းဆီ အရောင်းဆိုင် ၇ ဆိုင်မှ အေးမြကြည်လင်ရပ်ကွက်၊ ဇရစ်ခဲ၊ ခါးတက်ကုန်း၊ ချောင်းဆုံ၊ လက်ပန်၊ ကောင်းတင်၊ ကြောင်ပန်းကုန်း၊ ဆူးလေကုန်း၊ တုံလုံ၊ ကတဲ ကျေးရွာများသို့ ရောင်းချခဲ့ကြောင်းသိရှိရပြီး ပြည်သူများအနေဖြင့် စားသုံးဆီဝယ်ယူခွင့် စာအုပ်များဖြင့် အိမ်ထောင်စုတစ်စုလျှင် ၂ ပိဿာနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း သိရသည်။  

 သက်မောင်(ကျောက်ဆည်)