ဒေးဒရဲမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပညာပေးစာစောင်များ မြေစိုက်နံရံကပ်ဘုတ်ပြသ

ဒေးဒရဲ မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အသက်ရူလမ်းကြောင်း ဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်နိုင်ကြစေရန်နှင့် ကျန်းမာရေး အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေစိုက် နံရံကပ်ဘုတ်တွင် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုအကျိုးရှိ ထိရောက်သည်” ခေါင်းစဉ်ဖြင့် အသိပညာပေး ပိုစတာများနှင့် စာစောင်များကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြသဆောင်ရွက်ခဲ့သည်။           

အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ကိုရိုနာဗိုင်းရပ်စ်ပြင်းထန် အဆုတ်ရောင်ရောဂါ ကူးစက်နိုင်သည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများနှင့် Mask အသုံးပြုခြင်းဆိုင်ရာ အကြံပြုချက်များကို ပြည်သူများ ကျယ်ပြန့်စွာ သိရှိစေရေး မြေစိုက်နံရံကပ်ဘုတ်တွင် ပြသထားရာ လမ်းသွားလမ်းလာများ၊ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာဖြင့် လာရောက် လေ့လာ ကြည့်ရှုကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ဆက်)