မြစ်သားမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ (တတိယနေ့)ဆက်လက်ဖြေဆို

မြစ်သား မတ် ၃၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနကကျင်းပသည့် ၂၀၂၆ ခုနှစ်၊  ပါဠိပထမပြန်စာမေးပွဲ(တတိယနေ့)ကို မတ် ၃၁ ရက် မွန်းတည့် ၁၂ နာရီက ရွှေမုဋ္ဌောစေတီတော် မြတ်ကြီးအတွင်းရှိ န်းအိမ်သူဓမ္မဗိမာန်၌ ကျင်းပ‌သည်။

အဆိုပါစာမေးပွဲများကို  မတ် ၂၉ ရက်မှ ဧပြီ ၄ ရက်အထိ နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ‌ဖြေဆိုလျက်ရှိရာ ပါဠိပထမပြန်စာမေးပွဲ(တတိယနေ့)တွင် အဘိဓမ္မတ္တသင်္ဂဟ ဘာသာရပ်တွင် အခြေပြုမူလတန်း စာရင်းရှိသံဃာတော် ၄၉ ပါး၊  ဖြေဆိုသံဃာတော် ၄၄  ပါး၊ ပျက်ကွက်သံဃာတော် ၅ ပါး၊ ပထမငယ်တန်း စာရင်းရှိသံဃာတော် ၄၆ ပါး၊  ဖြေဆိုသံဃာတော် ၃၈ ပါး၊ ပျက်ကွက်သံဃာတော် ၈ ပါး၊ ပထမလတ်တန်း သံဃာတော်စာရင်းရှိ ၁၈ ပါး၊  ဖြေဆိုသံဃာတော် ၁၆ ပါး၊ ပျက်ကွက် သံဃာတော် ၂ ပါး၊  ပထမကြီးတန်း သံဃာတော် စာရင်းရှိ ၂၂ ပါး၊  ဖြေဆိုသံဃာတော် အပါး ၂၀၊ ပျက်ကွက်သံဃာတော် ၂ ပါး၊  စုစုပေါင်းဖြေဆိုသံဃာတော် ၁၁၈ ပါးဝင်ရောက် ဖြေဆိုကြရာ ၈၇ ရာခိုင်နှုန်း‌ဖြေဆိုကြောင်းသိရသည်။

ဝါဝါမြင့်(မြစ်သား)