အမရပူရ ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထင်အောင်ဦးစီး၍ ယနေ့နံနက် ၁၀ နာရီက ရွှေဂွမ်းထုပ် ရပ်ကွက်ရှိ အသက် ၁၀ နှစ်မှ ၁၈ နှစ်ကြား၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများကို ရွှေဂွမ်းထုပ်ရပ်ကွက်ရှိ ရွှေအိုးရ ရွှေဖားရ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ယခုဆောင်ရွက်မှုနှင့်ပတ်သက်၍ မြို့နယ်ဦးစီးမှူး ဦးထင်အောင် ကအစိုးရသစ် ပထမရက် တစ်ရာ ကာလအနေဖြင့် ဧပြီ ၁ မှ ဇူလိုင် ၇ အထိသတ်မှတ်ထားရာ ယနေ့တွင် ရွှေဂွမ်းထုပ် ရပ်ကွက်အတွင်း အသက် ၁၈ နှစ်ထက် တစ်ဦး၊ အသက် ၁၀ နှစ်မှ ၁၈ နှစ်အတွင်း ကျား ၁၇ ဦး၊ မ ၁၇ ဦး၊ စုစုပေါင်း ၂၅ ဦးကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး အမရပူရ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများကို ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အမရပူရမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးမှသိရသည်။
စိုးသီဟ(အမရ)